ထောက်ပံ့ပေးခြင်းတို့ မှတဆင့် အကူအညီပေးလျက်ရှိနေသည်။ ယင်းသို့ ထောက်ပံ့ ကူညီ နေ
မှုများသည် မတူကွဲပြားသော လူမှုအသိုင်းအဝန်းများကြား ထိတွေ့ဆွေးနွေးခြင်းကို တိုးတက်
စေသည့် တစ်ချိန်တည်းတွင် ကျား-မအခြေပြု အကြမ်းဖက်မှုကဲ့သို့ သော ထိခိုက်ခံစားရ
နိုင်ခြေများကိုလည်း လျှော့ချပေးနိုင်ရန် ရည်ရွယ်သည်။
သို့ သော် နိုင်ငံသားဖြစ်ခွင့်နှင့် မရှိမဖြစ်လိုအပ်သော အခြေခံဝန်ဆောင်မှုများထံ အများနည်း
တူ တူညီစွာ လက်လှမ်းမီနိုင်မှု တို့ ကို ငြင်းပယ်ခံထားရခြင်းအပြင် သွားလာကန့်သတ်ချက်
များကဲ့သို့ ပေါ်လစီများက ရိုဟင်ဂျာများကို ဖယ်ချန်ထားခံရစေပြီး လူသားချင်းစာနာ
ထောက်ထားမှု အကူအညီအပေါ် များစွာမှီခိုနေရစေသည်။ “ဒီအခက်အခဲအကျပ်အတည်း
ကို ပြီးပြတ်အောင် ဖြေရှင်းဖို့ က အကူအညီအထောက်အပံ့ပေးနေရုံနဲ့ဘယ်လိုမှမလုံလောက်
ပါဘူး” ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှ UNHCR ရုံး၏အကြီးအကဲဖြစ်သူ ဖယ်ဒရီကို
ဆာဆဲလ်လီကပြောသည်။ “လူ့အခွင့်အရေးတွေ၊ လွတ်လွတ်လပ်လပ် နေထိုင်နိုင်မှုတွေ၊
လူထုအ၀န်းအ၀ိုင်းတွေကြား ပြေလည်သဟဇာတဖြစ်လာဖို့ တွေ၊ ကယ်ဆယ်ရေး စခန်းတွေ
ပိတ်သိမ်းဖို့ ရယ်၊ ရိုဟင်ဂျာတွေကို သူတို့ ရဲ့မူလအိမ်တွေ၊ ကျေးရွာတွေဆီ ဒါမှမဟုတ် သူတို့
ရဲ့ဆန္ဒ အလျောက် ရွေးချယ်တဲ့ နေရာတွေဆီအခြေချနေထိုင်ဖို့ ခွင့်ပြုပေးခြင်းတွေ စတာ
တွေကို ဆက်လက်ကူညီထောက်ပံ့ပေးနေဖို့ အရေးကြီး သလို၊ အဲ့တာတွေကမှ ရေရှည���
တည်တံ့မယ့် ဖြေရှင်းချက်တွေဖြစ်လာဖို့ အရေးပါပါတယ်။”
မီးဖွားပြီးနောက် ဆေးဝါးကုသစောင့်ရှောက်မှုအနည်းငယ်သာရရှိပြီး သို့ မဟုတ် စောင့်ရှောက်
မှုလုံးဝမရရှိဘဲ ကလေးမီးဖွား ကြရပြီးနောက်တွင်လည်း စခန်းတွင်းနေအမျိုးသမီးများ
အနေဖြင့် သူတို့ ၏ကလေးငယ်များအတွက် ဆက်လက် စိတ်ပူပန် ကြရပြန်သည်။ ဖွားမြင်
ကြောင်း တရား၀င်အထောက်အထားသက်သေခံတစ်ခုဖြစ်သည့် မွေးစာရင်းမှတ်ပုံတင်များ
အား ရိုဟင်ဂျာကလေးငယ်များကို ထုတ်ပေးခြင်းမှာ သိသာစွာနည်းပါးလွန်းသောကြောင့်
ဖြစ်သည်။
“ဒီမှာမွေးတဲ့ကလေးတိုင်းမှာ မွေးစာရင်းမရှိကြတာ အရမ်း
ဝမ်းနည်းစရာကောင်းပါတယ်။”