ဘက်ကနေ ဘေးကင်းလုံခြုံစွာပြန်လည်၀င်ရောက်လိုတဲ့သူ တွေ အတွက် လည်း ဖြစ်နိုင်ဖွယ်မျှော်မှန်းထားချက်တွေကို အားလျော့ပျက်ပြယ်သွားစေနိုင်ပါတယ်။” လို့ UNHCR မှ ဖယ်ဒရီကို ဆာဆဲလ်လီ က ဆိုသည်။ ကယ်ဆယ်ရေးစခန်းအတွင်းနေထိုင်သော အသက် (၁၆) နှစ်အရွယ် အာဂျမ်ဘီဘီသည် ဘေ ဂေါမ်ကူညီမွေးဖွားပေးခဲ့သည့် ကလေးတစ်ဦးဖြစ်ပြီး သူမ၏မိခင်ဖြစ်သူမှ ငွေကြေးမတတ် နိုင်၍ ကျောင်းပညာရေး ဆက်လက်သင်ကြားနိုင်ခြင်းမရှိဘဲ အသက် (၁၄) နှစ်အရွယ်တွင် ကျောင်းထွက်လိုက်ရသည်။ “ကျွန်မ စာသင်ရတာပျော်ပါတယ်။ ကျွန်မ ကျောင်းပြီးအောင် တက်ခွင့်ရမယ်ဆိုရင် ကျောင်းပြီးတဲ့အခါ လူသာချင်းစာနာမှုဆိုင်ရာအေဂျင်စီမှာ အလုပ် လျှောက်မှာပါ။... အခုတော့ အိမ်ရဲ့ဝေယျာဝိစ္စတွေလုပ်ရင်း ကျွန်မအောက်က အငယ်လေး တွေကျောင်းတက်ဖို့ ကူညီနေရပါတယ်” ဟု သူမက ပြောသည်။ ခေါင်းစဉ်-အသ��် ၁၆ နှစ်အရွယ် အာဂျမ်ဘီဘီသည် မိသားစုမှငွေကြေး မတတ်နိုင်၍ ကျောင်းပညာရေး ဆက်လက် သင်ကြားနိုင်ခြင်းမရှိဘဲ ပြီးခဲ့သည့် ၂ နှစ်ခန့်ကကျောင်းထွက်ခဲ့ရသည်။ ဓာတ်ပုံ - © UNHCR/Reuben Lim Wende

Select target paragraph3