များသောအားဖြင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပံ့ပိုးကူညီလျက်ရှိသော
အေဂျင်စီများမှ မူလတန်း ပညာရေးအစီအစဉ်များကို ကယ်ဆယ်ရေးစခန်းများအတွင်း
အခမဲ့ပံ့ပိုးလျက်ရှိသော်လည်း အစိုးရအထက်တန်းကျောင်း များသည် ကယ်ဆယ်ရေးစခန်း
များမှ ဝေးရာတွင်သာတည်ရှိပြီး အခြားသောလူထုအသိုင်းအ၀န်းများမှ သီးခြားခွဲထားကာ
ကျောင်းတက်ရောက်သင်ကြားရသည်။ ကျောင်းစရိတ်နှင့် သွားလာစရိတ်ကုန်ကျမှုတို့ သည်
အလုပ်အကိုင်အခွင့်အလမ်းများ မရှိခြင်းကြောင့် ဝင်ငွေမရှိဖြစ်နေသော မိသားစုများ၏ ငွေ
မလောက်ငှမှုပြသနာတွင် ထပ်လောင်းကြုံရသည့် အခက်အခဲများ ဖြစ်သည်။
မိမိနှင့်မိမိကလေးများ၏ဘ၀တို့ တွင် ကြုံတွေ့နေကြရသည့် အခက်အခဲများကို တွေးဆပြော
ပြရင်းက ဇာဘီဒါသည် အနာဂတ်ကို တွေးပူမိလာသည်။ “ဒီအခြေအနေမျိုးနဲ့ကျွန်မမှာ ပျော်
ရွှင်တာမရှိ ၀မ်းနည်းခြင်းအတိပါပဲ။... ကလေးတွေများ ကြီးပြင်းလာခဲ့ရင် ခုလိုနေနေရတဲ့
ဘ၀တွေ ဘယ်လိုများဖြစ်လာပါလိမ့်မလဲလို့ ကျွန်မဖြင့်မတွေး၀ံ့ပါဘူး။” ဟု သူမက
ပြောသည်။
စာရေးသူ
Reuben Lim
UNHCR
Public Information Officer
wende@unhcr.org