ကယ်ဆယ်ရေးစခန်းတွင် မွေးဖွားခဲ့သည့် ဇာဘီဒါ၏ ဒုတိယမြောက်ကလေးငယ်သည် မွေး
စာရင်းမှတ်ပုံတင် လုံး၀မရရှိ သေးပေ။ သူမ၏သားကြီးတွင် မွေးစာရင်းရှိခဲ့ဖူးသော်လည်း
(၂၀၁၂) ခုနှစ် နေရပ်စွန့်ခွာရခဲ့သည့် ၀ရုန်းသုန်းကား အခြေအနေတွင် ပျောက်ဆုံးခဲ့ရသည်။
“ကျွန်မ နည်းလမ်းပေါင်းစုံနဲ့သူ့အတွက်မွေးစာရင်းအသစ်ရအောင် ကြိုးစားခဲ့ ပါသေးတယ်။
ဒါပေမယ့် ခုထိ ဖြစ်မလာခဲ့သေးဘူး” ဟု သူမက ပြောသည်။
“ဒီမှာမွေးတဲ့ကလေးတိုင်းမှာ မွေးစာရင်းမရှိကြတာ အရမ်းဝမ်းနည်းစရာကောင်းပါတယ်။
မွေးစာရင်း မှတ်ပုံတင်လေး တစ်ခုတောင်မရှိဘဲ ဘယ်တစ်ဦးတစ်ယောက်မှ ဘဝမှာ
လူတစ်လုံးသူတစ်လုံး ဖြစ်မလာနိုင်ပါဘူး။” လို့ ဘေဂေါမ်က ဆိုသည်။
တတ်စွမ်းသရွေ့ အကောင်းဆုံးကူညီသွားရန် ဆုံးဖြတ်ခဲ့သော သူမသည် သူမမွေးဖွား ပေးခဲ့
သော ကလေးငယ်တိုင်း၏ မွေးနေ့ရက်စွဲအချက်အလက်များကို မှတ်တမ်းတင်
သိမ်းဆည်း၍ အားထုတ်ကြိုးပမ်းထားသည်။ “ကျွန်မဆန္ဒကတော့ တစ်နေ့နေ့မှာ ဒီကလေး
တွေ တရားဝင်အထောက်အထားရရှိလာဖို့ ဒီမှတ်တမ်းတွေက အကူအညီဖြစ်နိုင်စေဖို့ ပါ” ဟု
သူမကပြောသည်။
မွေးစာရင်းကဲ့သို့ သော နိုင်ငံသားဖြစ်ခွင့်စာရွက်စာတမ်းများအား ရိုဟင်ဂျာများလက်လှမ်းမီ
လျှောက်ထားရယူနိုင်မှုကို ကန့်သတ်ခြင်းမှာ ရေရှည်နောက်ဆက်တွဲအကျိုးဆက်များစွာရှိ
သည်။ သူတို့ ကြီးပြင်းလာသည်နှင့်အမျှ တရားဝင် ဖြစ်တည်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ
မှတ်တမ်းများအရ အထောက်အထားမဲ့ ပျောက်ကွယ်နေကြသူများအဖြစ် ဖယ်ချန်ရစ် ခဲ့ကာ
ကလေးများသည် နိုင်ငံသားစိစစ်ရေးကဒ်များကဲ့သို့ အရေးပါသည့်စာရွက်စာတမ်း
အထောက်အထားများ လျှောက်ထားရယူနိုင်ခြင်း မရှိနိုင်တော့ပေ။ ယင်းအချက်သည်ပင် သူ
တို့ ၏အနာဂတ်တွင် တိုးတက်ဖြစ်ထွန်းနိုင်ခြေ အလားလာများအတွက် ခလုတ်ကန်သင်းဖြစ်
စေပြီး လွတ်လပ်စွာသွားလာခွင့်ကိုကန့်သတ်ထားကာ ဆင်းရဲတွင်းထဲတွင်သာ ချောင်ပိတ်
သံသရာ လည်နေစေသည်။
“ဒီလိုမျိုးအခြေအနေသက်ဆိုးရှ ည်လေလေ ရို ဟင်ဂျာလူမှု
အသိုင်းအဝန်းတွေ ပိုထိခိုက်လာလေလေ၊ ပိုမိုဖယ်ကျဉ် ခံ
လာရ လေလေပါပဲ။ ဒီအခြေအနေဟာ ဘင်္ဂလားဒေ့ရှ်
က်
င်း
ခြုံ
ပြ
န်
ည်
င်
က်
လို