အတွက် ခက်ခဲပင်ပန်းမှုများကို ဆောင်ယူလာ သည်။ “ကိုယ့်အဆောင်ထဲမှာ လူ (၈) ယောက်
အတွက် နေရာကမဆံ့တာမို့ ညအိပ်ဖို့ အခက်အခဲ အများကြီးရှိပါတယ်။ မကြာခဏ
အိမ်နီးနားချင်းအိမ်မှာ ကျွန်မသွားအိပ်ရပါတယ်” ဟု သူမကဆိုသည်။
ကျန်းမာရေးစောင့်ရှောက်ရရှိမှုလက်လှမ်းမီနိုင်ရေးမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်သည်။
လတ်တလော တတိယမြောက် ကိုယ်ဝန်ကို ခက်ခက်ခဲခဲလွယ်ထားရသော ဇာဘီဒါသည်
ရပ်ရွာအုပ်ချုပ်ရေးမှုးများထံမှ ခွင့်ပြုချက်လိုအပ်ခြင်း၊ အမျိုးသား လူနာစောင့်/လိုက်ပါ
ပို့ ဆောင်သူ ပါရှိရန်လိုအပ်ခြင်း၊ တရားမ၀င်တောင်းခံငွေပေးရမှုများ အဖြစ်များသည့်
လုံခြုံရေးဂိတ်များကို ဖြတ်သန်းသွားနေရခြင်း စသည့်အခက်အခဲပေါင်းများစွာပါ၀င်သော
နှေးကွေးလေးလံ အကုန်အကျ များလွန်းသည့် အုပ်ချူပ်မှု ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တို့
ကြောင့် သူမအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုခြင်း အလျဉ်းမရှိတော့ပေ။
“ကိုယ်ဝန်ဆောင်ကလေးမွေးရတဲ့ကာလမှာ အဲ့လိုရှုပ်ထွေးတာမျိုးတွေကြုံရတဲ့အခါ ကျွန်မ
စိတ်မကောင်းဖြစ်ရတယ်” ဆိုပြီး ဇာဘီဒါနဲ့တခြားကိုယ်၀န်ဆောင် အမျိုးသမီးတွေကို
ကြည့်ရှုပေးတဲ့ အရပ်လက်သည်သားဖွားဆရာမ ဟာဆီနာဘေဂေါမ် က ဖွင့်ပြောသည်။ သူမ
သည် စနစ်တကျသင်တန်းဟူ၍ ဘာတစ်ခုမှတက်ရောက်ထားခဲ့ခြင်းမရှိခဲ့သော်လည်း
သူမ၏ အရပ်လက်သည်သားဖွားဆရာမသက်တမ်း ဆယ်စုနှစ် နှစ်ခုစာအတွင်း ကလေး
ပေါင်း (၅၀၀) ကျော်ကို အောင်မြင်စွာ မွေးဖွား ပေးထားနိုင်ခဲ့သူဖြစ်ပြီး မိခင်လောင်းများ
အကူအညီလိုအပ်တဲ့အချိန်မျိုးတွင် များသောအားဖြင့် အဦးဆုံး အကူအညီတောင်းခံ ရလေ့
ရှိသည့် ပထမဦးဆုံးသူဖြစ်သည်။